ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီမှ ဦးအောင်ဇေယျာလွင် နှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လာရောက်၍ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်နှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။


