A & A Natural Resources Development Co., Ltd.မှရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ကြုံတွေ့နေရသော အခက်အခဲများတင်ပြလာခြင်းအပေါ် ကော်မရှင်မှ ဦးဆောင်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများအား ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ၁၃:၃၀ နာရီတွင်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၊ ရန်ကုန်မြို့၌ကျင်းပပြုလုပ်ခဲ့ပါသည်။


