ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမျိုးသန့် ဦးဆောင်သောအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။


