Global Ace Uniform Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Global Ace Uniform Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 December 2018

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အဝတ်အထည်နှင့် လုံခြုံ ရေးသုံးအဝတ်အထည်များချုပ်လုပ်ခြင်းလုပ်ငန်း ဆောက်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၁၂/၂၊ မြေတိုင်း ရပ်ကွက်အမှတ်-၁၀၉၊ စက်မှုဇုန်၊  ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Global Ace Uniform Company Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။