ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 03 January 2019

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စတင်ဖွဲ့စည်းပြီးသည့်အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁ သန်းနှင့် မြန်မာကျပ်ငွေ ၁၂.၀၀ ဘီလီယံရှိပြီး ပြည်တွင်းအလုပ်အကိုင် ၄၄၀ ဦးကို ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခုကို အတည်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ပါသည်။