ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်သည် Asian Disaster Preparedness Center (ADPC)မှ ဌာနေကိုယ်စားလှယ် ဒေါ်သန်းသန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။


