ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Posted on 14 January 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့် တို့သည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (TICA) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) တို့၏ အစီအစဉ် ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်မည့် "Workshop on Investment Promotion for Mekong Countries towards AEC and Beyond" သို့ တက်ရောက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားပါသည်။