Posted on 01 February 2019
အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ မှတ်ပုံတင်ပုံစံများကိုအသုံးပြုနိုင်မည် ဖြစ်ပါသည်-
- ပုံစံစ-၁ (အစုရှယ်ယာများဖြင့်ကန့်သတ်ထားသည့်အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီမှ အစုရှယ်ယာ များဖြင့်ကန့်သတ်ထားသည့်အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီသို့ ပြောင်းလဲရန်လျှောက်လွှာ)။
- ပုံစံ စ-၂ (အစုရှယ်ယာများဖြင့်ကန့်သတ်ထားသည့်အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီမှ အစုရှယ်ယာများဖြင့်ကန့်သတ်ထားသည့်အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီသို့ ပြောင်းလဲရန်လျှောက်လွှာ)။
- ပုံစံ စ-၇ (နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းသည့်အကြောင်းကြားစာ)။
- ပုံစံဆ-၅ (အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ)။
- ပုံစံဆ-၆ (နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းသည့်အကြောင်းကြားစာ)။
- ပုံစံဆ-၇ (နိုင်ငံတော်၏ပြင်ပတွင်ဖွဲ့စည်းတည်ထောင်ထားသည့်ကော်ပိုရေးရှင်း၏အလားအလာ ညွှန်းတမ်း)။
- ပုံစံည-၄ (ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင်ကြွေးမြီပေးချေနိုင်ကြောင်းကြေညာချက်)။
- ပုံစံ-AR (နှစ်စဉ်အစီရင်ခံစာ)။


