Precision Auto Engineering Co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Precision Auto Engineering Co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Posted on 09 February 2019

Precision Auto Engineering Co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စနှင့် စပ်လျဉ်း၍ တင်ပြလာခြင်း အပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဦးဆောင်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့မှ တာဝန်ရှိသူများအား ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေး တစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရင်းနှီး မြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံပြီးနောက် အကူအညီပေးနိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။