ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွန့်သည် Total E & P Myanmar ၏ စီးပွားရေးလုပ်ငန်းများအတွက် လူမှုတာဝန်ယူမှု (CSR)အဖွဲ့မှ Associate Director ဖြစ်သူ Mr. Emmanuel Tarika နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမေးမြန်းမှုသည် Total E & P Myanmar ၏ ၂၀၂၀ ခုနှစ်အလွန် လူမှုတာဝန်ယူမှု လုပ်ငန်းစဉ်များအပေါ် လူထု၏သဘောထားကို သိရှိရန်နှင့် အကြုံပြု ချက်များ ရယူရန် လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။


