ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက်အစည်းအဝေး

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက်အစည်းအဝေး

Posted on 25 February 2019

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့် နှင့် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင် အပါအဝင် အဖွဲ့ဝင် (၆) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုထား သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။