မြန်မာနိုင်ငံရှိ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်နှင့် အကြံဉာဏ်များကို ဖလှယ်ရန်အတွက် Asian Venture Philanthropy Network က AVPN မြန်မာလှုမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Social Ventures Hong Kong (SVHK) မှ Mr. Francis Ngai နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။



