Posted on 28 February 2019
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် အာရှပစိဖိတ်နှင့် အာဖရိကဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် မူဝါဒရေးရာ သုံးသပ်လေ့လာရေးဌာန၏ အကြီးအကဲဖြစ်သူ Mr. Irwan Sinaga နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


