ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး အကြံပေးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး အကြံပေးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

Posted on 28 February 2019

မြန်မာနိုင်ငံ၏ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် နိုင်ငံတကာအဆင့်အတန်းတို့အကြား ကွာဟချက်များကို သတ်မှတ်ရန်နှင့် နောင်အနာဂတ်တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သင့်သည်များကို အဖြေရှာရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Pan Pacific ဟိုတယ်၌ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး အကြံပေးကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတွင် ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပိုမိုအားကောင်းစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေနှင့်   မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။