ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု နှင့် ဒေသထွက်ကုန် ပြပွဲ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု နှင့် ဒေသထွက်ကုန် ပြပွဲ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Posted on 12 March 2019

ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ညှိနှိုင်း ဆွေးနွေးပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲနှင့် စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးသို့ ချင်းပြည်နယ်အစိုးရ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ Dana Facility နှင့် VDB-Loi Co., Ltd. တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှအရာထမ်းများတက်ရောက်ခဲ့ပါသည်။