ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၂/၂၀၁၉)ကြိမ်မြောက် အစည်အဝေးကို ၂၀၁၉ခုနှစ်မတ်လ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုဖြစ်သည့် “လမ်းခင်းကျောက်ဆိုဒ်စုံနှင့် မီးခံကျောက် အုတ်ခဲ ထုတ်လုပ်ခြင်း လုပ်ငန်း”အားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီးအဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ( ၃၉ )ခုနှင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇) ခုတို့အားဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။



