မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ခုနှစ်၊မတ်လ၁၈ရက်နေ့တွင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့်ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင်ကော်မတီအတွင်းရေးမှူးမှ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့ပါသည်။


