ဧရာဝတီတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း၃၇၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၅) အား အတည်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း၃၇၀ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၅) အား အတည်ပြု

Posted on 26 March 2019

၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၁.၂၇) သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၇၂) ဦး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု (၅) ခုကို ခွင့်ပြုပေးခဲ့ပါသည်။  

အဆိုပါ ခွင့်ပြုခဲ့သောလုပ်ငန်းများမှာ CMP စနစ်ဖြင့် Home textiles ချုပ်လုပ်ခြင်းလုပ်ငန်း၊ ယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းနှင့် စီးပွားရေး အဆောက်အအုံများ ဆောက်လုပ်ငှားရမ်း ရောင်းချခြင်းလုပ်ငန်း၊ တန်ဖိုးနည်း အပန်းဖြေအိမ်ရာ ဆောက်လုပ်ငှားရမ်းရောင်းချခြင်းလုပ်ငန်း၊ ဆန်စပါးအခြေခံ တန်ဖိုးမြှင့်ဆန်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ စပါးပျိုးဗန်းပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပါသည်။