မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရေးဝန်ဆောင်မှုလုပ် ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်းလုပ်ငန်း (၅)ခု တို့ကို ခွင့်ပြု ပေးခဲ့ပါသည်။
အထက်ဖော်ပြပါလုပ်ငန်း (၅)ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉.၃၈) သန်းနှင့် ကျပ်သန်းပေါင်း (၆၉,၃၈၄. ၇၅၄) ရှိပြီး၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၂၁) ဦး ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။




