DaNa Facility ၏ ပံ့ပိုးကူညီမှုဖြင့် ဒုတိယအကြိမ် အများနှင့်အကျုံးဝင်သော စီးပွားရေး လုပ်ငန်းများနှင့် လူမှုရေး အကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံရှိ အများနှင့်အကျုံးဝင်သောစီးပွားရေး လုပ်ငန်းများလေ့လာမှုစာတမ်း (မြန်မာဘာသာ)ကို မိတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ် ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒမူဘောင်နှင့် လုပ်ငန်းအစီအစဉ် ၂၀၁၉ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ဝင် များ၊ DaNa Facility မှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၃၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။



