မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၉) အပါအဝင် ရက်သတ္တပတ် အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း

Posted on 15 May 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(/၂၀၁၉) အပါအဝင် ရက် သတ္တပတ်အတွင်း  ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက် (/၂၀၁၉)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပ သတင်း မီဒီယာ(၁၃)ခု မှ သတင်းထောက် (၁၃)ဦး တက်ရောက်ခဲ့ပြီး သတင်း မှတ်တမ်း ရယူခဲ့ကြပါသည်။