ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်ဖြစ်သူ Ms. OH Youna ဦးဆောင် သည့် Korea Eximbank မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် Korea Eximbank တို့အကြား Economic Development Cooperation Fund ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါ သည်။


