ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် MSA Public Co., Ltd. မှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးစစ်တိုင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်များအား ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


