မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်ရှိ CM Japan Agri Myanmar Company Limited (ဖက်စပ်လုပ်ငန်း)သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။



