နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်ရှိ Three Princess Co., Ltd. ၏ စီမံကိန်းလုပ်ငန်းသို့ ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် အတွက် မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။



