အလုပ်အကိုင်အခွင့်အလမ်း (၃၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

အလုပ်အကိုင်အခွင့်အလမ်း (၃၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Posted on 14 June 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၀)ဦး တက် ရောက်ကြပါသည်။

              အစည်းအဝေးတွင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၂၇.၄၀၈) သန်းနှင့် ကျပ် (၁၄,၅၁၉.၆၈) သန်း ရှိပြီး ပြည်တွင်း လုပ်သာများအတွက် အလုပ်အကိုင်အခွင့် အလမ်း ပေါင်း (၃၁၆) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။