Oriental Highway Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Oriental Highway Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 02 July 2019

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ  B.O.T စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်း၊ တံတား အသုံးပြုခကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့် Oriental Highway Co., Ltd. ၏ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ ရေတာရှည်-ပျဉ်းမနားလမ်းအပိုင်းသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေ များနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။