ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ Singapore Business Federation မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် Myanmar Market Insights Seminar on the Latest Trends & Opportunities for Real Estate, Hospitality, E-Commerce, Energy & Infrastructure သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်သည် Latest Trends & Oppotunities for Real Estate and Hospitality Investment, Myanmar Emerging Retail Market & Future of E-commerce: Opportunities from Myanmar’s Rising Middle Class နှင့် Investment Regime & Arbitration in Myanmar – Safeguards for Investors & Investments ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးပွဲများတွင် panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။





