မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Posted on 05 July 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ရည်ရွယ်၍ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြား ရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး ဉီးသန့်စင်လွင်၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိ သူများနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ တို့မှ တာဝန်ရှိသူ များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ပါသည်။