“Myanmar Wide Garment Co., Ltd.” နှင့် “Myanmar Ta Kung Garment Co., Ltd.” သို့ ကွင်းဆင်း စစ်ဆေးခြင်း

“Myanmar Wide Garment Co., Ltd.” နှင့် “Myanmar Ta Kung Garment Co., Ltd.” သို့ ကွင်းဆင်း စစ်ဆေးခြင်း

Posted on 26 July 2019

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသော မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ “Myanmar Wide Garment Co., Ltd.” နှင့် မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ “Myanmar Ta Kung Garment Co., Ltd.”သို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် စီးပွားဖြစ် စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။