ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း

Posted on 31 July 2019

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးညီပု အပါအဝင် ကော်မတီအဖွဲ့ဝင် ၆ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာကို ဆွေးနွေးခဲ့ပြီး အတည်ပြုမိန့်တစ်ခုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။