တတိယအကြိမ် အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့အစည်းအဝေး

တတိယအကြိမ် အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့အစည်းအဝေး

Posted on 16 August 2019

DaNa Facility ပံ့ပိုးကူညီမှုဖြင့် တတိယအကြိမ် အများနှင့်အကျုံးဝင်သေ ာစီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် DaNa Facility မှ တာဝန်ရှိသူများက IB Capacity building and forthcoming activities The Impact Investment Portal နှင့် The Myanmar IB Challenge ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ဝင်များ၊ DaNa Facilityမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။