ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Posted on 11 February 2021

( ဖေဖော်ဝါရီလ ၁၁ ရက် )

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပ သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောကြားရာတွင် ဉပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးအတွက် သက်ဆိုင်ရာဌာနများ၏ အရေးပါပုံနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်များအတွက် မြန်ဆန် ထိရောက် သည့် ပူးပေါင်းဆောင်ရွက်မှုများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ရင်းနှီး မြှုပ်နှံမှုနှင့်ဆက်စပ်သော အစိုးရဌာနဆိုင်ရာများက ကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။