COVID-19 ရန်ပုံငွေ မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) နှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ တတိယအကြိမ်တွေ့ဆုံခြင်း

Posted on 27 August 2021

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသော စီးပွားရေး လုပ်ငန်းများအား COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ချေးငွေရယူထားသော လုပ်ငန်းရှင် ၅၃ ဦး အနက် ၃၀ ဦး တက်ရောက် ဆွေးနွေး ကြပါသည်။   

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။