ကယားပြည်နယ်အတွင်း နို့စားနွားမွေးမြူခြင်းနှင့် တန်ဖိုးမြှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း

ကယားပြည်နယ်အတွင်း နို့စားနွားမွေးမြူခြင်းနှင့် တန်ဖိုးမြှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း

Posted on 27 August 2021

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကယားပြည်နယ် အတွင်း နို့စားနွားမွေးမြူခြင်းနှင့် တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် လိုသည့် လုပ်ငန်းရှင်အား ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ လက်ခံတွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။