ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်ရုံများမှ ကိုယ်စားလှယ်များအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်ရုံများမှ ကိုယ်စားလှယ်များအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 01 September 2021

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်သည်  ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံ ၂၄ ရုံမှ  ကိုယ်စားလှယ်များ ဖြင့်  ၂၀၂၁ ခုနှစ်  ၊ စက်တင်ဘာလ ၁ ရက်နေ့တွင်  Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး မီးလောင်စက်ရုံများ၏ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြချက်များအပေါ်  မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံကော်မရှင်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု  ဥပဒေနှင့်အညီ အဆိုပြုလွှာ လျှောက်ထား ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။