စပါးခွံ လောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု

စပါးခွံ လောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု

Posted on 29 September 2021

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၃/၂၀၂၁ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ  (၁) သန်းရှိ  စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်း လုပ်ငန်းကို အတည်ပြုပေးခဲ့ပါသည်။