စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 08 November 2021

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် ဖိနပ် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် ခေါက်ဆွဲ၊ ကြာဇံစသည့် ပစ္စည်းများအား အသင့် စားသောက်ကုန်အဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း တို့ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ‌ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။