ဧရာဝတီတိုင်းရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 26 November 2021

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံ ဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။