မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 30 November 2021

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ  မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၏ ကုန်ကြမ်းအမျိုးအစား တိုးမြှင့်တင်သွင်းရန်နှင့် ထုတ်ကုန်အမျိုးအစား တိုးမြှင့်ထုတ်လုပ်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။