နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 10 December 2021

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/ ၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအစည်းအဝေးတွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌက နေပြည်တော် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူ ချောမွေ့စေရေးတို့ကို ကော်မတီဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

အစည်းအဝေးတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခု၏ လုပ်ငန်း တည်ဆောက်မှု/  ပြင်ဆင်မှုကာလ တိုးမြှင့်ခွင့်ပြုရေးအတွက် အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။