ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားကွင်းဆင်းကြည့်ရှု့အားပေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားကွင်းဆင်းကြည့်ရှု့အားပေးခြင်း

Posted on 15 December 2021

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ CMP စနစ်ဖြင့် သိုးမွှေးထည်ချုပ်လုပ်ခြင်းနှင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းများသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် စီးပွားဖြစ်စတင်ပြီးနောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့်အချက်များ (Version 5.0) အား လိုက်နာ‌ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။