ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ

Posted on 27 December 2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ /၂၀၂၁) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဝန်ကြီးချုပ် ဉီးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှ အဆင့်မြင့် ဆန်အမျိုးမျိုးကြိတ်ခွဲ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ရောင်းချခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားလာခြင်း အပေါ်ဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။