ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီများမှ ဒါရိုက်တာများနှင့် ဝန်ထမ်းမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီများမှ ဒါရိုက်တာများနှင့် ဝန်ထမ်းမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း

Posted on 06 January 2022

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၏  အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO)တွင်  ရန်ကုန်တိုင်းဒေသကြီး လိပ်စာဖြင့် မှတ်ပုံတင်ထားသော ကုမ္ပဏီများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဘေးအန္တရာယ်ကင်းစွာ လုပ်ငန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် DICA တို့၏ ပူးပေါင်းစီစဉ်မှုဖြင့်  ကုမ္ပဏီများမှ ဒါရိုက်တာများ၊ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကုန်-ရန်ကင်း ကိုဗစ် ကုသရေး စင်တာ (ရန်ကင်းပညာရေး ကောလိပ်)တွင် ဆောင်ရွက်ခဲ့ပါသည်။