ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 07 January 2022

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟင်းသီးဟင်းရွက် အခြောက်ခံခြင်း၊ ပဲကြိတ်ခွဲခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ရရှိထားသော BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်း၊ တံတားအသုံးပြုခများ ကောက်ခံခြင်းလုပ်ငန်းများသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။