ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 10 January 2022

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုခဲ့သည့်လုပ်ငန်း၏ တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။