မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 January 2022

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ဘိလပ်မြေ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းသို့  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။