ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်

Posted on 02 May 2022

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီဉက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အဆင့်မြင့်ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ‌ဆောင်ရွက်ခွင့်ပြုရန် အတည်ပြုမိန့်လျှောက်ထား လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ ကုန်ကြမ်းအမျိုးအစားအသစ် ထပ်မံတင်သွင်း ခြင်း အပါအဝင် ကုန်ချောများပြောင်းလဲထုတ်လုပ်ခြင်းနှင့် အခြားကုမ္ပဏီများမှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များလျှောက်ထားလာခြင်းတို့အပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့အပြင် အီလက် ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ်(DICA Online Solution-DOSo)နှင့် ပတ်သက်၍ ကော်မတီဝင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။