နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 03 May 2022

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အကျိုးတူလယ်ယာစနစ်ဖြင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်နှင့် ဆန်ကွဲများ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်း၏ အဆိုပြုချက် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သဘောထားပြန်ကြားရန်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အုတ်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း၏ တည်ဆောက်ရေးကာလ ထပ်မံတိုးမြှင့်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။