ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 June 2022

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နှင့် ညောင်ရွှေမြို့ တို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့်အညီ ဆောင်ရွက်လျက်ရှိသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းနှင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများသို့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။